TS6. Series

8f901-ts6.-series-overivew.jpg
  • သုံးသပ်ချက်
  • အသေးစိတ်ဖော်ပြချက်
  • ပြခန်း

•  စိတ်ချယုံကြည်၊ အကြမ်းခံသော လယ်ထွန်စက်
TS6 လယ်ထွန်စက်အမျိုးအစားသည် နယူးဟော်လန်မှ ၁၉၆၅ ခုနှစ်ကတည်းကစတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကြမ်းတမ်းသော လုပ်ငန်းပတ်ဝန်းကျင်အ ခြေအနေနှင့်သင်တော်ပြီး၊ မြင့်မားသော စွမ်းဆောင်ရည်နှင့် ပြုပြင်ထိန်းသိမ်းရန်ရိုးရှင်း လွယ်ကူမှုတို့ကြာင့် ယနေ့အချိန်ထိအောင်မြင်မှုကိုရရှိထားသော လယ်ထွန်စက် အမျိုးအစားဖြစ်ပါသည်။နုယူးဟော်လန်သည် တောင်သူဦးကြီးတို့၏ လိုအပ်ချက်ကို အဓိကအလေးထား လုပ်ဆောင်လျှက်ရှိပါသည်။ ထို့ကြောင့်TS6လယ်ထွန်စက်သည် နေစဉ်လုပ်ငန်းခွင်အတွင်း အသုံးပြုရလွယ်ကူပြီး အလုပ်ပြီးမြောက်မှုတွင် ကျယ်မြန်ဆန်စေမည်ဖြစ်ပါသည်။ အထူးသဖြင့်မြေပြင်မှ လယ်ထွန်စက် အောက်ခြေ မြင့်မားသောကြောင့်ကြံစိုက်ခင်းများတွင် ပေါင်းမြက်များရှင်းလင်းရာ၌ အဆင်ပြေစေပြီး အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ကြံခိုင်ပြီး၊ ရေရှည်အသုံးပြုနိုင်ခြင်း
TS6 လယ်ထွန်စက်များသည်ကြံခိုင်ပြီး များပြားသော လယ်ယာလုပ်ငန်း များကို လုပ်ကိုင်နိုင်မည်ဖြစ်ကာ ပေးချေရသောငွေကြေးတန်ဖိုးထက် သာလွန် သော စွမ်းဆောင်ရည်ကိုရရှိခံစားရမည်ဖြစ်ပါသည်။ TS6 လယ်ထွန်စက်များတွင် နယူးဟော်လန်၏ အမှတ်အသားဖြစ်သည့် အကြမ်းခံပြီး လိုအပ်သော လုပ်ငန်းခွင်အခြေအနေများတွက် ကိုက်ညီမှုရှိသော လေးလုံးထိုး (သို့မဟုတ်) ခြောက်လုံးထိုး အင်ဂျင်ကို အသုံးပြုထားပြီး လေးဘီးမောင်းစနစ်နှင့် နှစ်ဘီး မောင်းစနစ်နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ဘယ်ဘက်အခြမ်းရှိ ဂီယာမောင်းတံသည် အရှေ့အနောက်ပြောင်းလဲမောင်းနှင်ရာတွင် လွယ်ကူအဆင်ပြေ စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဂီယာပြောင်းလဲ အသုံးပြုနိုင်မှုအဖြစ် အရှေ့(၈)ချက်၊ အနောက် (၈)ချက် အသုံးပြုနိုင်ပြီး ရိုးရိုးထိုးထံ၊ ဟိုက်ဒရောလစ်သုံး ထိုးတံတို့ဖြင့် ဂီယာပြောင်းနိုင်ပါသည်။ ၎င်းအပြင် လျှပ်စစ်ခလုတ်ခုံဖြင့် ရှေ့(၁၈)ချက်၊ နောက် (၈)ချက် ပြောင်းလဲနိုင်သော စနစ်ကိုလဲထုတ်လုပ်ထားပါ သည်။
ယုံကြည်စိတ်ချရသော စွမ်းအား TS6  လယ်ထွန်စက်များ တွင် အကြမ်းခံပြီး၊ ယုံကြည်စိတ်ချရသော အင်ဂျင်အမျိုးအစားကို အသုံးပြုထားပြီး အသုံးပြုရလွယ်ကူစေရန် ထုတ်လုပ်ထားပါသည်။လယ်ယာလုပ်ငန်းခွင်များ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ စေရန်လည်းနယူးဟော်လန်အင်ဂျင်စနစ်ကို အကောင်းဆုံးဖန်တီးထုတ်လုပ်ပြီးတောင် သူတို၏လိုအပ်ချက် ကိုပြည့်ဝအောင် စွမ်းဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ TS6 လယ်ထွန်စက်အမျိုးအစားတွင် လေးလုံးထိုးနှင့် ခြောက်လုံးထိုး အင်ဂျင် များကို ရရှိနိုင်မည်ဖြစ်ပါသည်။


သင့်တော်သောလယ်ထွန်စက် အမြင့်
TS6 လယ်ထွန်စက်အမျိုးအစားသည် နောက်ချိတ်တွဲ(ဒရောဘား)သည်အခြားသော လယ်ထွန်စက် အမျိုးအစာ များထက်ပိုမိုမြင့်သည်အတွက် ကြံစိုက်ခင်းလုပ်ငန်းများတွင် ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် အခြားသော လုပ်ငန်းများလုပ်ကိုင်ရာတွင်အဆင်ပြေစွာအသုံးပြုနိုင် မည်ဖြစ်ပါသည်။
ကျယ်ဝန်းသော အနေအထား
ကျယ်ဝန်းသောအနေအထားနှင့် လတ်ဆတ်သောလေကိုရရှိစေနိုင်ပြီး မောင်းနှင်သူအတွက် လွယ်ကူသက်သာ အဆင်ပြေစွာမောင်းနှင်နိုင်အောင် ပြုလုပ်ထားသောဒီဇိုင်းက တောင်သူဦးကြီးတို့အတွက် စိတ်ကျေနပ်မှုပေးစွမ်း နိုင်မည်ဖြစ်ပါသည်။ လယ်ယာမြေအနေအထားနှင့် လိုက်လျောညီထွေရှိစေသော ထိုင်ခုံစနစ်၊ ချိန်ညှိနိုင်သော စတီယာရင်၊ ဘေးပတ်ဝန်းကျင်ရှိအရာအားလုံးကို ပြတ်သားရှင်းလင်းစွာ မြင်နိုင်အောင်ပြုလုပ်ထား ပြီးအဆင့်မှီ သောကိရိယာများကိုအသုံးပြုထားပါသည်။

Model : TS6.110 (ROPS), TS6.140 (ROPS), TS6.140 (Cabin)

ထုတ်လုပ်သည့်နိုင်ငံ   - မက္ကစီကို

စလင်ဒါအရေအတွက် - ၆

လေဝင်စနစ်              - တာဘို/အင်တာကူလာ

မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၁၃၉

ဂီယာချက်                 - ၁၆*၈




 

Get Quotation

ဆက်စပ်ပစ္စည်းများ

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၂)၊ ရန်ကုန် - ပုသိမ် လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610