Yoma Heavy Equipment

6834f-yoma_heavyequipment_logo_at_v1-01-background-.png

Yoma Heavy Equipment (ရိုးမစက်ယန္တရားကြီးကုမ္ပဏီ) သည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် မီးစက်လုပ်ငန်းများအတွက် အသင့်တော်ဆုံးစက်န္တရားများကို ဦးဆောင်တင်သွင်းရောင်းချပေးနေသည့် ကုမ္ပဏီဖြစ်ပါသည်။ အစဉ်အမြဲလုပ်ငန်းတိုးချဲ့နေသည့် Yoma Group ၏ကုမ္ပဏီတစ်ခုဖြစ်ပြီး အောက်ပါ ရည်မှန်းချက်ပန်းတိုင် (၃)ခုကိုလုပ်ဆောင်သွားပါမည်။

၁။ မြန်မာနိုင်ငံသို့ ကမ္ဘာ့အဆင့်မီထွန်စက်များနှင့် နောက်တွဲကရိယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယန္တရားများ နှင့် မီးစက်များကို အများတန်းတူဈေးနှုန်းများအပြင် ဘဏ်များနှင့်ချိတ်ဆက်ပြီးအငှားချထား ဝယ်ယူသည့်စနစ်ဖြင့် တင်သွင်းရောင်းချပေးနိုင်ရန်ဖြစ်သည်။

၂။ မိမိတို့၏ဝယ်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ဈေးကွက်ထဲရှိ အကျွမ်းကျင်ဆုံးနှင့် စနစ်တကျ သင်ယူလေ့လာထားသောဝန်ထမ်းများကို အလုပ်ခန့်ထားရန်။

၃။ မိမိတို့၏ဝယ်ယူအားပေးသူများကို သာလွန်ကောင်းမွန်သော အရောင်းနောက်ပိုင်းဝန်ဆောင်မှု၊ စက်ပိုင်းဆိုင်ရာ (စက်ပြင်) ဝန်ဆောင်မှုနှင့် အပိုပစ္စည်းရရှိနိုင်ရန်ထောက်ပံ့ပေးခြင်း။

ကျွန်ုပ်တို့ ဒီအချက် ၃ချက်ကို အောင်မြင်စွာလုပ်ဆောင်ထားပြီးဖြစ်ကြောင်းကို ဂုဏ်ယူစွာပြောလိုပါသည်။ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ဆောင်ပုဒ်ဖြစ်သည့် “ပိုမိုကောင်းမွန်သောမြန်မာနိုင်ငံကို မြန်မာနိုင်ငံသားများအတွက် တည်ဆောက်ပေးခြင်း” နှင့်အညီ ကျွန်ုပ်တို့ထက်ပို၍ကတိတည်ပြီး ဝယ်ယူအားပေးသူများကိုအလေးအနက်ထားပြီး ဝန်ဆောင်မှုပေးရန် အဆင်သင့်ဖြစ်နေသောသူ သင်ရှာတွေ့မည်မဟုတ်ပါ။

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၂)၊ ရန်ကုန် - ပုသိမ် လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610