T7. Series

1ea8d-t7.-series-overview.jpg.png
  • သုံးသပ်ချက်
  • အသေးစိတ်ဖော်ပြချက်
  • ပြခန်း

•  တောင်သူဦးကြီးတို့အတွက် အကောင်းဆုံးရွေးချယ်မှု
T7 လယ်ထွန်စက်အမျိုးအစားများတွင် ခြောက်လုံးထိုးလျှပ်စစ်အင်ဂျင်အမျိုးအစားကိုအသုံးပြုထားပြီး စိုက်ပျိုးရေးလုပ်ငန်းများ တွင်အကောင်းဆုံးစွမ်း ဆောင်ရည်ကိုပေးစွမ်းနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ ထို့အပြင်မောင်းနှင်ထိန်းသိမ်းရာတွင်လည်း ကုန်ကျစရိတ်အသက်အသာဆုံး ဖြစ်စေရန်ရည် ရွယ်ထားပါသည်။ ပေးလိုက်ရသော လယ်ထွန်စက်တန်ဖိုးထက် ပိုမိုသာလွန်ကောင်းမွန်သောအကျိုးအမြတ်ကိုရရှိစေနိုင် မည်ဖြစ်ပါ သည်။ T7 လယ်ထွန် စက်အမျိုးအစားကို စက်အရွယ်အစားအလေးချိန်နှင့်လိုက်ဖက်ညီသော စွမ်းအား အချိုးအစားရရှိစေရန် ထုတ်လုပ်ထားသောကြောင့် ပိုမိုကောင်းမွန်သောစက်စွမ်းအားနှင့် ဆီစားနှုန်းကိုလည်း သက်သာစေမည်ဖြစ်ပါသည်။T7 လယ်ထွန်စက်များသည်ကြီးမားသောလုပ်ငန်းခွင်များအတွက် အထူးသင့်လျှော် ကောင်းမွန်ပြီးလယ်ထွန်စက် အလေးချိန်ကိုပိုမိုလိုအပ်သောလုပ်ငန်းခွင်များအတွက်လည်း အလေးချိန်ထပ်မံတိုး လာအောင်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
T7လယ်ထွန်စက်များသည်စွမ်းဆောင်ရည်မြင့်မားခြင်း၊အရည်အသွေးကောင်းမွန်ခြင်း၊ ခေတ်မှီနည်းပညာများကို အသုံးပြုထားခြင်း၊ မောင်းနှင်အသုံးပြုရာတွင်သက်တောင့်သက်သာ၊ လွယ်ကူစေသောကြောင့် တောင်သူဦးကြီး တို့၏အသိအမှတ်ပြုမှုကိုရရှိထားသော လယ်ထွန်စက်အမျိုးအစားဖြစ်ပါသည်။ T7 လယ်ထွန်စက်များတွင် စက်မှု နည်းစနစ်သုံးဂီယာစနစ်ကိုတပ်ဆင်ထားပါသည်။ T7 လယ်ထွန်စက်များသည် တောင်သူဦးကြီးတို့၏ လိုအပ်ချက်များအတွက်အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ထက်ပိုမိုသာလွန်ကောင်း မွန်သော အကျိုးအမြတ်ကိုပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
တိကျသောလုပ်ငန်းဆောင်ရွက်ချက်နှင့် သာလွန်သောအလုပ်ပြီးမြောက်မှု
T7 လယ်ထွန်စက်များသည် ကြံခိုင်ပြီးအကြမ်းအသုံးပြုနိုင်စေရန်ထုတ်လုပ်ထားပါသည် ထို့အပြင်စီးပွားရေး အရတွက်ခြေကိုက်ပြီး လုပ်ငန်းများလျှင်မြန်စွာပြီးမြှောက်စေရန် လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်အောင်ပြုလုပ်ထားပါသည်။ ကြီးမားသောလုပ်ငန်းခွင်များတွင်လွယ်ကူအဆင်ပြေစွာအသုံးပြု မောင်းနှင်နိုင် စေရန်တိကျကောင်းမွန်သောနည်းပညာနှင့် မြင့်မားသောနည်းစနစ်များကို ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ တောင်သူဦးကြီးတို့၏ နေ့စဉ်လုပ်ငန်းခွင်တွင်မည်သည်ထိခိုက်မှုမရှိစေဘဲ အကောင်းဆုံး လုပ်ဆောင် နိုင်မည်ဖြစ်ပါသည်။
ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်နှင့် နည်းပညာ
နယူးဟော်လန် T7 လယ်ထွန်စက်အမျိုးအစားသည် အကောင်းဆုံးအဆင့်မြင့်အင်ဂျင်နီယာနည်းပညာရပ်များကို အသုံးပြုထားသောကြောင့် ထုတ်လုပ်မှုအဆင့်တိုင်းတွင်း အစမ်းသပ်ခံပြီးအကောင်းဆုံး အရည်အသွေးကို သက်သေပြထားနိုင်သောလယ်ထွန်စက်ဖြစ်ပါသည်။

Model : T7.180 (Cabin)

ထုတ်လုပ်သည့်နိုင်ငံ   - ဘရာဇီး / အင်္ဂလန်

စလင်ဒါအရေအတွက် - ၆

လေဝင်စနစ်              - တာဘို/SCR

မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၁၈၂ / ၂၂၀၀ rpm

ဂီယာချက်                 - ၁၅*၁၂

 



 

Get Quotation

ဆက်စပ်ပစ္စည်းများ

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၂)၊ ရန်ကုန် - ပုသိမ် လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610