သမိုင်းကြောင်း

၁၈၉၅ ခုနှစ်တွင် အာဘဲဇင်မာမန်ဆိုသူမှ အမေရိကန်နိုင်ငံ ပန်နှီဆဗေးနီးယားပြည်နယ် နယူးဟော်လန်မြို့၌ စက်ပြင်ဆိုင်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပြီ တစ်နှစ်တည်းမှာပင် အနောက်ပြင်သစ်၌ အလက်ဇန်းဒါးဘရောဒ်ဆိုသူမှ ခြွေလှေ့စက်များကို တာင်သူလယ်သမားများသို့ စတင် မိတ်ဆက်ဖြန့်ဝေ ခဲ့ပါသည်။

၁၉၀၃ ခုနှစ် ဇင်မာမန်မှ နယူးဟော်လန်စက်ကုမ္ပဏီကို ထပ်မံစတင်ခဲ့ပြီးနောက် ၄င်း၏ ပတ်ဝန်းကျင်ရှိ လယ်သမား အစုအဖွဲ့များကို ကူညီရန် အစာ ကြိတ်စက် တစ်ခုပါဝင်သော စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို စတင် ထုတ်လုပ်ခဲ့ပါသည်။

၁၉၀ဝ ခုနှစ် အစောပိုင်း၌ ဟင်နရီဖို့ဒ်မှ ဒတ်ထရိုက်ပြည်နယ်တွင် ၄င်း၏ မော်တော်ကားကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပါသည်။ ဖို့ဒ်မှ မော်တော်ကား စက်မှုလောကကို ပြောင်းလဲနိုင်ရန် အလုံးအရင်းနှင့် ထုတ်လုပ်မှု နည်းလမ်းများကို စတင် လုပ်ဆောင်ခဲ့သည်။ ဖို့ဒ်မှ ထွန်စက်ကြီးများကို အလုံးအရင်းဖြင့် ထုတ်လုပ်နိုင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် သိမြင်လာခဲ့သည်။

၁၉၀၆ ခုနှစ်တွင် ဘယ်လ်ဂျီယမ် စက်မှုပညာရှင် လီယွန်ကယ်လေးစ်မှ ခြွေလှေ့စက်များကို တည်ဆောက်နိုင်ရန် စတင်ခဲ့ပြီး ၁၉၀၉ ခုနှစ်တွင် ၄င်း၏ ထုတ်လုပ်ရေး စက်ရုံများကို ဘယ်လ်ဂျီယမ်နိုင်ငံ ဇီဒဲလ်ဂမ်မြို့တွင် တည်ထောင်ခဲ့ရာ ယနေ့တိုင် ရပ်တည် ထုတ်လုပ်နေပါသည်။

၁၉၀၇ ခုနှစ်တွင် ဖို့ဒ်ကမ္ဘာမှ ပထမဆုံး ထုတ်လုပ်မှုအနေဖြင့် ဓာတ်ဆီစွမ်းအင်သုံး ထွန်စက်ကို automobile plowaTM အမည်ဖြင့် စမ်းသပ် ထုတ်လုပ်ခဲ့ပါသည်။

၁၉၁၇ ခုနှစ်တွင် ၄င်း၏ ထွန်စက်အား လက်တွေ့ထုတ်လုပ်မှု စတင်ခဲ့ပြီး ထုတ်ကုန်အမည်အား ဟင်နရီဖို့ဒ်နှင့်သားများ ကုမ္ပဏီမှ ထုတ်လုပ်သည့် စီးပွားရေး ထုတ်ကုန်အသစ်ဖြစ်သောကြောင့် ဖို့ဒ်ဆန်မော်ဒယ်အက်ဖ် ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။

၁၉၁၈ ခုနှစ်တွင် ဖီးယက်တ်မော်ဒယ် ၇၀၂ ထွန်စက်အား စတင် ကြော်ငြာ ခဲ့ပါသည်။ ၄င်းနောက် တူရင်းမြို့ရှိ ကားနှင့်ထရပ် ထုတ်လုပ်မှုဌာနမှ တစ်နှစ်ပတ်လုံး ထုတ်ကုန် ထုတ်လုပ်ဆောင်ရွက်မှု အဖြစ် ပြောင်းလဲခဲ့ပြီး ပြင်သစ်နိုင်ငံ ဆန်လစ်မြို့၌ အပြည်ပြည်ဆိုင်ရာ ထွန်ယက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ပါသည်။ ၄င်းမော်ဒယ် ၇၀၂ ဖီးယက်တ် စိုက်ပျိုးရေးလုပ်ငန်းသုံး ထွန်စက်မှာ စက်မှုနည်းပညာဆိုင်ရာ စံနှုန်းအရ တည်ဆောက်ခဲ့သော ပထမဆုံး အီတာလီယံထွန်စက် ကဲ့သို့ပင် ပထမ အစောဆုံးသော ထွန်စက်အဖြစ် ရပ်တည်ခဲ့ပါသည်။

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၂)၊ ရန်ကုန် - ပုသိမ် လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610